This content requires Adobe Flash Player 8
A | B | C | D | E | F | G | H | I | J | K | L | M | N | O | P | Q | R | S | T | U | V | W | X | Y | Z
ဆက်သွယ်ရေးဆိုင်ရာ ဝေါဟာရများ
DCE (Data Communications Equipment)
ဆက်သွယ်ရေးစနစ်တွင် ထုတ်လွှတ်မည့်ဘက်နှင့် လက်ခံဖမ်းယူမည့် ဘက်တို့အကြားတွင် အချက်အလက်များဆက်သွယ်မှုကိုစတင်ခြင်း၊
ထိန်းသိမ်းပေးခြင်း၊ အဆက်အသွယ် ဖြတ်တောက်ပေးခြင်းတို့ကို ပြုလုပ်ပေးသော ကိရိယာဖြစ်ပါသည်။
Decryption
ကုတ်ပြန်ဖြည့်ထားသည့် စာသားများကို နဂို မူရင်းစာသားအသွင်သို့ ပြောင်းလဲခြင်းဖြစ်သည်။
Dictionary Attack
ကွန်ပျူတာ တစ်လုံး၏ Password ကို ခန့်မှန်းသည့် နည်းဖြစ်သည်။ Word စာလုံးတိုင်းကို ကွန်ပျူတာမှ Enconde လုပ်သည့်အတိုင်း
Dictionary ထဲမှ (Word) စာလုံးတိုင်းကို Encode လုပ်၍ အတူညီနိုင်ဆုံးစာသား (Message) နှင့် တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်သည်။
Digital Certification
သီးခြား လူတစ်ဦးချင်းစီအတွက် Public Key တစ်ခု ချိတ်ဆက်ပေးသည့် နည်းပညာဖြစ်သည်။
Dictionary Attack
လုံခြုံရေးစနစ်များ အဓိကအားဖြင့် Password ဖြင့် ထိန်းသိမ်းထားသော လုံခြုံရေးစနစ်များတွင် Password ဖော်ထုတ်ရန် Hacker များမှ
အသုံးပြုသော နည်းစနစ်တစ်မျိုးဖြစ်သည်။ ၎င်းနည်းလမ်းတွင် ဖြစ်နိုင်ချေ အများဆုံးသော စကားလုံးများ (နာမည်၊ နေရာ) အစရှိသည်
တို့ဖြင့် ပထမဦးဆုံး စမ်းသပ်ပြီး Password ထုတ်ဖြော်ခင်းဖြစ်သည်။ ထို့နောက် Dictionary အတွင်းရှိသမျှ စကာလုံးတိုင်းကို သုံးစွဲ၍
Password ကို ရှာဖွေခြင်းကြောင့် ထိုသို့ပြုလုပ်၍ Password ရယူခြင်းကို Dictionary Attack ကို ခေါ်ဆိုခြင်းဖြစ်သည်။
DPI (Dot Per Inch)
ပုံနှိပ်စနစ် (သို့မဟုတ်) ရုပ်သံစနစ်တွင် အစက်အပြောက် သိပ်သည်းမှုများကို တိုင်းတာခြင်းပင်ဖြစ်သည်။ အလျား(၁) လက်မ လိုင်းတစ်
လိုင်းတွင် ရှိနိုင်သော အစက်အပြောက်များ၏ အရေအတွက် ဖြစ်သည်။ DPI သည် ပုံရိပ်ကြည်လင်ပြတ်သားမှု (resolution) နှင့် ဆက်နွယ်
လျက်ရှိသည်။ တစ်လက်မတွင် dot အရေအတွက်များလာသည်နှင့်အမျှ ပုံနှိပ်လိုက်သည့် စာမျက်နှာ၏ အရည်အသွေး (သို့မဟုတ်) ကြည်
လင်ပြတ်သားမှု (resolution) မှာပိုမို ကောင်းမွန်လာသည်။ လေဆာပရင်တာတွင် toner ကို အသုံးပြုပြီး အမှုန်ကလေးများကို စာရွက်များ
ဆီသို့ ဆွဲယူနိုင်ရန် ပြုလုပ်ထားသည်။ ဆန့်ကျင်ဘက် လျှပ်စစ်ဓါတ် အားသွင်းကာ အမှုန်ကလေးများကို ထိန်းချုပ်ထားသည်။ လေဆာပရင်
တာတွင်အတိုင်းအတာသတ်မှတ်ချက်မှာ 600 မှ 1800 DPI အတွင်းဖြစ်ပြီး dot matrix ပရင်တာတွင် 60 မှ 90 DPI ဖြစ်သည်။
DVM (Digital Voltmenter)
တိုင်းတာ၍ ရရှိသော လျှပ်စစ်ဗို့အား တန်ဖိုးကို ဂဏန်းဖြင့် ဖော်ပြပေးသော ဗို့အားတိုင်း မီတာဖြစ်ပါသည်။
* EMS
* Telephone Dir
* E Telegram
* About
* Video
* News
* Policy
* Photo Album
* Contact Information
|
Building No.2, Special Development Zone, Nay Pyi Taw, Myanmar
Ph: (+9567)407225 | Fax: (+9567) 407216 | e-mail: dg.ptd@mptmail.net.mm |
Copyright © 2011 Ministry of Communications, Posts and Telegraphs. All rights reserved. |